[{"data":1,"prerenderedAt":-1},["ShallowReactive",2],{"project-93017":3},{"id":4,"name":5,"fullName":6,"owner":7,"repo":5,"description":8,"homepage":9,"htmlUrl":9,"language":10,"languages":9,"totalLinesOfCode":9,"stars":11,"forks":12,"watchers":11,"openIssues":13,"contributorsCount":13,"subscribersCount":13,"size":13,"stars1d":13,"stars7d":13,"stars30d":13,"stars90d":13,"forks30d":13,"starsTrendScore":13,"compositeScore":14,"rankGlobal":9,"rankLanguage":9,"license":15,"archived":16,"fork":16,"defaultBranch":17,"hasWiki":18,"hasPages":16,"topics":19,"createdAt":9,"pushedAt":9,"updatedAt":20,"readmeContent":21,"aiSummary":22,"trendingCount":13,"starSnapshotCount":13,"syncStatus":23,"lastSyncTime":24,"discoverSource":25},93017,"agentic-coding-basic","thixpin\u002Fagentic-coding-basic","thixpin","AGENTIC CODING Basic for Junior Developers",null,"Python",51,6,0,42.54,"MIT License",false,"main",true,[],"2026-07-22 04:02:07","\u003Cdiv align=\"center\">\n\n# AGENTIC CODING Basic for Junior Developers\n\n\n\u003C\u002Fdiv>\n\n---\n\n> \"ကျုပ်တို့ငယ်ငယ်က ကုဒ်ဆိုတာ ကိုယ်တိုင်ရေးမှ ရတယ်။\n> အခုခေတ်ကျတော့ ကုဒ်ကို စကားပြောပြီး ရေးခိုင်းလို့ရနေပြီ။\n> ဒါကို မသိရင် ခေတ်နောက်ကျတယ်။ သိပြီး မသုံးတတ်ရင် ပိုဆိုးတယ်။\"\n\n![Cover](.\u002Fimgs\u002Fcover.png)\n\n## ဒီစာအုပ်က ဘာအကြောင်းလဲ\n\nAgentic Coding ဆိုတာ ဘာလဲဆိုတာကနေစပြီး **Claude Code** ကိုသုံးကာ **Mini Ecommerce Website** တစ်ခု (ရပ်ကွက်ထဲက ဒေါ်မြရီရဲ့ ကုန်စုံဆိုင်ကို အွန်လိုင်းတင်ပေးမယ့် \"မြရီစတိုး\") ကို အစအဆုံး တည်ဆောက်သွားတဲ့ လက်တွေ့သင်ခန်းစာ စာအုပ်ပါ။ Noob\u002FJunior Developer တွေအတွက် ရည်ရွယ်ပြီး ပေါ့ပေါ့ပါးပါး စကားပြောဟန်နဲ့ ရေးထားပါတယ်။\n\n## မှတ်ချက် \n\nဒီစာအုပ်ကို Junior Developer တစ်ယောက်အနေနဲ့ **Agentic Coding** ကို **စတင်သင်ယူချင်သူတွေ**ကို အဓိက ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်ဖတ်လိုက်လို့ **Agentic Coding** ကို အပြည့်အဝ ကျွမ်းကျင်သွားမယ်လို့ မထင်ပါနဲ့။ ဘယ်ကနေစတင်ရမလဲဆိုတဲ့ bootstrap လေးလောက်ကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖြည့်ဆည်းပေးဖို့ရည်ပါတယ်။\n\n## ဘာဆောက်မလဲ\n\nReact + Vite + Tailwind CSS နဲ့ ဆောက်မယ့် \"မြရီစတိုး\" ရဲ့ ဝယ်သူ ခရီးစဉ်က ဒီလို —\n\n```\n[ ပစ္စည်းစာရင်း ] → [ ဈေးခြင်းတောင်း ] → [ Checkout Form ] → [ Order Summary ] → [ Viber ပို့ ]\n  Product List        Cart                 (နာမည်\u002Fဖုန်း\u002Fလိပ်စာ)   (Screenshot ရိုက်)   ဒေါ်မြရီဆီ ရောက်\n```\n\nBackend မလိုဘဲ (Server ငှားစရာ မလို) စတင်နိုင်ပြီး၊ Order ကို ဒေါ်မြရီရဲ့ Viber ဆီ Screenshot နဲ့ ပို့တဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဖြေရှင်းချက်နဲ့ အဆုံးသတ်ပါတယ်။\n\n## မာတိကာ\n\n| အခန်း | ခေါင်းစဉ် | အကြောင်းအရာ |\n|---|---|---|\n| ၁ | [Agentic Coding ဆိုတာ ဘာကောင်လဲ](chapters\u002F01-what-is-agentic-coding.md) | AI ကို လက်ထောက်ခန့်ခြင်း အနုပညာ။ Autocomplete နဲ့ Agent ဘာကွာလဲ။ |\n| ၂ | [Claude Code ဆိုတဲ့ လူပျိုကြီး Terminal ထဲရောက်လာခြင်း](chapters\u002F02-meet-claude-code.md) | Claude Code မိတ်ဆက်၊ Install လုပ်နည်း၊ ပထမဆုံး စကားပြောကြည့်ခြင်း။ |\n| ၃ | [Agent ကို အလုပ်ခိုင်းတတ်အောင် သင်ခြင်း](chapters\u002F03-how-to-instruct-agents.md) | CLAUDE.md၊ Plan Mode၊ Prompt ရေးနည်း ရေးဟန်။ |\n| ၄ | [Mini Ecommerce Project စတင်ခြင်း](chapters\u002F04-starting-the-project.md) | ဒေါ်မြရီဆိုင် Online တက်ခြင်း — Setup ကနေ Product List အထိ။ |\n| ၅ | [Feature တွေ တစ်ခုချင်း ဆောက်ခြင်း](chapters\u002F05-building-features.md) | Shopping Cart နဲ့ Checkout ကို Agent နဲ့ တစ်ဆင့်ချင်း တည်ဆောက်ပုံ။ |\n| ၆ | [Bug ရှာခြင်း၊ Test ရေးခိုင်းခြင်း](chapters\u002F06-bugs-and-testing.md) | Production Bug ကို Agent နဲ့ ကိုင်တွယ်နည်း၊ Regression Test။ |\n| ၇ | [Skill ဆိုတဲ့ လက်စွဲကျမ်း — တစ်ခါရေး အမြဲသုံး](chapters\u002F07-skills.md) | Skill ဆောက်နည်း၊ SKILL.md ဖွဲ့စည်းပုံ၊ ပြန်သုံးနည်း သုံးမျိုး။ |\n| ၈ | [Context Window နဲ့ Token စီးပွားရေး](chapters\u002F08-context-window-and-tokens.md) | Agent ရဲ့ မှတ်ဉာဏ်ခွက်၊ Token ချွေတာနည်း (၇) သွယ်။ |\n| ၉ | [Junior Developer တစ်ယောက်အနေနဲ့ မမေ့သင့်တဲ့ အချက်များ](chapters\u002F09-final-words.md) | နိဂုံးချုပ် ဩဝါဒနဲ့ အမြန်ကိုးကားရန် စာရင်း။ |\n\n## ဘယ်လိုဖတ်ရမလဲ\n\nအခန်း (၁) ကနေ အစဉ်လိုက်ဖတ်ဖို့ အကြံပြုပါတယ်။ အခန်းတိုင်းရဲ့ အောက်ခြေမှာ ရှေ့အခန်း\u002Fနောက်အခန်း သွားလို့ရတဲ့ Link တွေ ပါပါတယ်။\n\nဖတ်ရုံသက်သက် မဟုတ်ဘဲ **စာအုပ်ထဲက Command တွေ၊ Prompt တွေကို ကိုယ်တိုင် လိုက်ရိုက်ကြည့်ပါ။** Agentic Coding ဆိုတာ စက်ဘီးစီးသင်တာနဲ့ အတူတူပါပဲ — စာအုပ်ဖတ်ရုံနဲ့ မတတ်ပါဘူး။\n\n## လိုအပ်ချက်များ\n\n- ကွန်ပျူတာ (macOS \u002F Windows \u002F Linux)\n- [Claude Code](https:\u002F\u002Fcode.claude.com\u002Fdocs\u002Fen\u002Foverview) — Pro\u002FMax\u002FTeam\u002FEnterprise Plan သို့မဟုတ် Console Account လိုအပ်သည်\n- Git အခြေခံ အသုံးပြုတတ်ခြင်း\n\n## စာအုပ်ကို Build လုပ်ခြင်း (EPUB \u002F PDF)\n\nစာအုပ်ကို e-reader\u002Fဖုန်းမှာ ဖတ်လို့ရအောင် **EPUB** နဲ့ **PDF** ထုတ်ချင်ရင် repo ရဲ့ root မှာ —\n\n```bash\n.\u002Fbuild.sh          # EPUB နဲ့ PDF နှစ်ခုလုံး ထုတ်ရန်\n.\u002Fbuild.sh epub     # EPUB တစ်ခုတည်း\n.\u002Fbuild.sh pdf      # PDF တစ်ခုတည်း\n```\n\nထွက်လာတဲ့ ဖိုင်တွေက `dist\u002F` ထဲ ရောက်ပါမယ် —\n\n```\ndist\u002Fagentic-coding-basic-mm.epub\ndist\u002Fagentic-coding-basic-mm.pdf\n```\n\n**ဘယ်လို အလုပ်လုပ်လဲ** — `build.sh` က ပထမဆုံးအကြိမ်မှာ Python venv (`build\u002Fvenv`) ဆောက်၊ လိုအပ်တဲ့ package (`markdown`, `fonttools`) install၊ Noto Sans Myanmar ဖောင့်ကို embed လုပ်ပြီး chapters တွေကို EPUB\u002FPDF အဖြစ် စုစည်းပေးတယ်။ မြန်မာစာ မှန်မှန်ကန်ကန် ပေါ်အောင် ဖောင့်ကို ထည့်သွင်းပေးထားတာမို့ ဖောင့်မရှိတဲ့ Kindle\u002FKobo မှာလည်း ဖတ်လို့ရပါတယ်။\n\n**လိုအပ်ချက်** —\n\n- `python3`\n- PDF ထုတ်ဖို့အတွက် Chromium-based browser တစ်ခုခု (Google Chrome \u002F Chromium \u002F Microsoft Edge)။ တခြားနေရာမှာ ရှိရင် `CHROME=\u002Fpath\u002Fto\u002Fchrome .\u002Fbuild.sh` လို့ ညွှန်ပေးလို့ရတယ်။\n- Build script က လက်ရှိမှာ **macOS** ကို ပစ်မှတ်ထားပါတယ် (စနစ်ထဲက Noto Sans Myanmar ဖောင့်ကို သုံးလို့)။ တခြား OS မှာဆို `NotoSansMyanmar-Regular.ttf` နဲ့ `-Bold.ttf` ကို `build\u002F` ထဲ ကိုယ်တိုင် ထည့်ပေးရပါမယ်။\n\n## License\n\n[MIT License](LICENSE) — Copyright (c) 2026 Soe Thura။ လွတ်လပ်စွာ သုံး၊ ကူး၊ ပြင်၊ ဝေမျှ လို့ရပါတယ်။\n\n> မှတ်ချက် — embed လုပ်ထားတဲ့ Noto Sans Myanmar ဖောင့်က [SIL Open Font License (OFL)](https:\u002F\u002Ffonts.google.com\u002Fnoto\u002Fspecimen\u002FNoto+Sans+Myanmar\u002Fabout) အောက်မှာ ရှိပါတယ်။\n\n---\n\n\u003Cdiv align=\"center\">\n\n**[📖 အခန်း (၁) ကနေ စဖတ်မယ် →](chapters\u002F01-what-is-agentic-coding.md)**\n\n\u003C\u002Fdiv>\n","这是一个面向初级开发者的渐进式实践教程，旨在帮助新手理解并上手Agentic Coding（智能体编程）范式。项目以构建一个轻量级电商网站“မြရီစတိုး”为线索，全程使用Claude Code作为AI编程助手，覆盖从项目初始化、React+Vite+Tailwind前端开发、购物车与结账流程实现，到Bug调试、测试编写及Prompt工程技巧等核心环节；强调零后端依赖、本地化交付（如通过Viber截图传递订单），并融入缅甸语教学语境与实操导向的技能沉淀方法（如SKILL.md复用机制。适用于刚接触AI辅助编程的初学者开展动手训练。",2,"2026-07-11 02:30:40","CREATED_QUERY"]